Job Details

City:
Yangon
Job Location:
Myanmar
Contract Type:
Full time
Job category:
Administrative

Company Details

Company industry:
Banking
No. of Employees:
1-5

Preferred Candidate

Career level:
Experienced (non-manager)
Degree:
High School or equivalent
Minimum years of experience:
2-5 years

Professional Skills

Driving Skill, Communication Skill

Language Skills

Job Description

လိုအပ်သောပညာအရည်အချင်းနှင့် လုပ်ငန်းအတွေ့အကြုံ

 

  • အတွေ့အကြုံ အနည်းဆုံး (၃)နှစ်ရှိပြီး အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများတွင် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါက ပိုမိုသင့်လျှော်ပါသည်။
  • ကုန်းလမ်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှု ဦးစီဌာနမှ သတ်မှတ်ထားသောခွင့်ပြုလိုင်စင် အနိမ့်ဆုံး (ခ)အဆင့်ရှိ သတ်တမ်းမကုန်ဆုံးသေးသော မော်တော်ယာဉ် မောင်းနှင်ခွင့်လိုင်စင် လက်ဝယ် ကိုင်ဆောင်ထားသူ ဖြစ်ရမည်။ ၀န်အပေါ့စားနှင့် အလယ်အလတ်တန်းစားအဆင့် ယာဉ်များကိုမောင်းနှင်နိုင်သူဖြစ်ရမည်။
  • မော်တော်ယာဉ်စက်ပိုင်းဆိုင်ရာနှင့် ပတ်သက်၍ ကောင်းမွန်သောဗဟုသုတရှိသူ ဖြစ်ရမည်။
  • ကားလမ်းကြောင်းများ ကောင်းမွန်စွာရွေးချယ်တတ်မှု၊ လမ်း၏ သွားလာနိုင်မှု အခြေအနေအမျိုးမျိုးအပေါ် ကောင်းမွန်စွာသုံးသပ်၍ လမ်းကြောင်းမှန် ရွေးချယ်တတ်မှု၊ ကားလမ်းအခြေအနေအပြောင်းအလဲများနှင့် အခြားကားများ၏ ရွှေ့လျားမှုအပြောင်းအလဲများအပေါ် အာရုံစိုက် တုံ့ပြန်နိုင်မှု၊ သတိဖြင့် ကြိုတင်ပြင်ဆင်ထားရှိမှု များလိုအပ်ပါသည်။
  • သက်ဆိုင်ရာတာဝန်ကျမြို့နယ်အတွင်းရှိ ကားလမ်းအခြေအနေများနှင့် အဝေးပြေးလမ်း အခြေအနေများအပေါ် ကောင်းမွန်သောဗဟုသုတရှိခြင်း။
  • အခြေခံလက်တွေ့ရှေးဦးသူနာပြုနည်းများအားသိရှိခြင်းနှင့် ယာဉ်တိုက်မှုဖြစ်ပွားထားသောနေရာများတွင် ကူညီပံ့ပိုး ပေးနိုင်စွမ်းရှိပါက ပိုမိုသင့်လျှော်ပါသည်။
  • ပေ (၁၀) ပေအကွာမှ မော်တော်ယာဉ်၏ နံပါတ်ပြားအမှတ်ကိုဖတ်ရှုနိုင်ရမည်။ ယာဉ်မောင်းအနေဖြင့် မျက်မှန်/မျက်ကပ်မှန် အသုံးပြုပါကယာဉ်မောင်းချိန်တွင် တပ်ဆင်ထားရမည်။

 

အဓိကတာဝန်ဝတ္တရားများ

 

  • အိုင်ဘီကေ ကပ်ပီတယ်လ်မြန်မာအဖွဲ့၏ မော်တော်ယာဉ်ကိုညွှန်ကြားသည့်အတိုင်း၊ တရားဝင် သတ်မှတ်မိုင်နှုန်းအတွင်းနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများနှင့်အညီမောင်းနှင်ရမည်။
  • မိမိတာဝန်ကျရာယာဉ်နှင့် လိုက်ပါမည့် ခရီးသည် နှင့်/သို့ ၄င်း၏ ၀န်စည်စလယ်ကို သတ်မှတ် ခရီးဆိုက် ရောက်ရာနေရာသို့ အချိန်မီရောက်ရှိအောင် မောင်းနှင်ပို့ဆောင်ရမည်။
  • ထိုသို့မောင်းနှင်ရာတွင် လိုက်ပါလာသောခရီးသည် နှင့်/သို့ ၄င်း၏ ၀န်စည်စလယ်၊ အခြားမော်တော်ယာဉ်များနှင့် လမ်းကြောင်းတစ်လျောက် ဖြတ်သန်းသွားလာသူများအစရှိသူတို့ကို အန္တရာယ်မရှိစေပဲ၊ အဆင်ပြေမှုရှိစေရန် မောင်းနှင်ရမည်။
  • မိမိမောင်းနှင်ရမည့်ယာဉ်ကိုလုံခြုံရေးစံနှုန်းများနှင့် ကိုက်ညီအောင် ဆောင်ရွက်ထားရမည်။
  • အင်ဂျင်ဝိုင်လက်ကျန်၊ ဘရိတ်ဆီလက်ကျန်၊ အင်ဂျင် အအေးပေး Gas လက်ကျန်၊ ကလပ်ဆီလက်ကျန်၊ အပြင်မီးများအခြေအနေ၊ ဆီယိုစိမ့်မှုရှိ/မရှိ၊ တာယာအခြေအနေနှင့် သွင်ပြင်၊ စက်သုံးဆီလက်ကျန်နှင့် ထိုင်ခုံခါးပတ်များခိုင်မာမှု အခြေအနေအစရှိသည့် မော်တော်ယာဉ် အခြေအနေစစ်ဆေးမှုများကိုအပါတ်စဉ် ပြုလုပ်ရမည်။
  • မော်တော်ယာဉ် ဆေးကြောခြင်း ပြုလုပ်ရမည်ဖြစ်ပြီးအတွင်းပိုင်းကိုအမြဲသန့်သန့်ရှင်းရှင်းထားရမည်။
  • မော်တော်ယာဉ်အသုံးပြုမှုမှတ်တမ်းကိုခရီးစဉ်အတွင်း/အပြီးတွင် မှန်ကန်စွာရေးသား ဖြည့်သွင်းရမည်။
  • မော်တော်ယာဉ် ပျက်စီးမှုတစ်စုံတစ်ရာ ဖြစ်ပေါ်ပါကလိုအပ်သော ပြုပြင်မှုများ ပြုလုပ်ရန် မိမိ၏ ကြီးကြပ်သူအားအမြန်ဆုံးအကြောင်းကြားရမည်။
  • မိမိ၏ ကြီးကြပ်သူမှ ညွှန်ကြားလာပါကမော်တော်ယာဉ်အားရုံးမှခွင့်ပြုထားသောကားပြင်စက်ရုံသို့ ပို့ဆောင်၍ လိုအပ်သော ပြင်ဆင်မှုများ ပြုလုပ်ရမည်။
  • ထိုင်ခုံခါးပတ်ကိုမော်တော်ယာဉ် မောင်းနှင်နေတိုင်း ၀တ်ဆင်ထားရမည်ဖြစ်သည်။ မိမိကားပေါ်မှ ခရီးသည် လုံခြုံရေးသည် ကားမောင်းသူ၏ တာဝန်ဖြစ်ပါသည်။ သို့ဖြစ်ရာကားမောင်းသူအနေဖြင့် မိမိကားပေါ်မှခရီးသည်များအားထိုင်ခုံခါးပတ် အမြဲ ၀တ်ဆင်ထားရန် ပူးပေါင်းဆောင်ရွက်ရမည်။
  • စီမံပိုင်းဆိုင်ရာအထွေထွေကိစ္စရပ်များအတွက် လိုအပ်ပါက ကြီးကြပ်သူနှင့် ရုံးအားကူညီဆောင်ရွက်ပေးရမည်။

 

လိုက်နာရန် စည်းမျဉ်းများ

 

  • ၀န်ထမ်းများအနေဖြင့် ရုံးပရ၀ဏ်အတွင်းနှင့်အပြင် ပတ်ဝန်းကျင်နှစ်ခုလုံးတွင် သပ်ရပ် ကောင်းမွန်သောသွင်ပြင်ရှိရန် နှင့် ကောင်းမွန်စွာ ပြုမူရန် မျှော်လင့်ပါသည်။
  • ဆေးလိပ်သောက်ခြင်းကိုရုံးမော်တော်ယာဉ်အတွင်းနှင့် စက်သုံးဆီဖြည့်တင်းနေစဉ် အချိန်တွင် မပြုလုပ်ရန် တင်းကြပ်စွာတားမြစ်ပါသည်။
  • အရက်သေစာသောက်စားခြင်းနှင့် မူးရစ်ဆေးသုံးစွဲခြင်းကိုလုံးဝမပြုလုပ်ရ။ တာဝန်ချိန်တွင် မူးယစ်နေသောအခြေအနေမျိုး ဖြစ်ပွားခဲ့ပါက ပြင်းထန်စွာအရေးယူသွားမည် ဖြစ်ပါသည်။
  • ငွေကြေးအလွဲသုံးစားပြုခြင်း၊ စက်သုံးဆီအလွဲသုံးစားပြုခြင်းသို့ မော်တော်ယာဉ်အားခွင့်ပြုမထားသောကိစ္စများတွင် အသုံးပြုခြင်းတို့အားအရေးယူသွားမည် ဖြစ်ပါသည်။
  • ယာဉ်မောင်းအနေဖြင့် ယာဉ်မောင်းရန်ကိစ္စမရှိပါကရုံးအတွင်းတွင် ရှိနေပြီးစီမံအဖွဲ့အားရုံးကိစ္စများကူညီဆောင်ရွက် ပေးရမည်။
  • ယာဉ်မောင်းနှင်နေစဉ်ယာဉ်မောင်းအနေဖြင့်၎င်း၏ ယာဉ်မောင်းလိုင်စင်အားထိခိုက်စေသောပြစ်မှုများ ပြုလုပ်ခြင်းရှိလာပါက ကြီးကြပ်သူအားအသိပေး ကြိုတင်အကြောင်းကြားရမည်။

 

ယာဉ်တိုက်မှု

 

  • ယာဉ်မောင်းအနေဖြင့် မော်တော်ယာဉ်မောင်းနှင်နေစဉ်အတွင်းယာဉ်တိုက်မှုတွင်ပါဝင် ပတ်သက်မိပါက ပြည်သူလူထု အုံကြွမှုကြောင့် ဖြစ်သော အပျက်အစီးများအပါအ၀င)် မော်တော်ယာဉ်နှင့် လူအပေါ်တွင် ထိခိုက်မှုသည် မည်မျှသေးငယ်သည်ဖြစ်စေ၊ မိမိ၏ကြီးကြပ်သူအားချက်ချင်းအကြောင်းကြားရမည်။ အဖွဲ့အစည်း၏ မတော်တဆထိခိုက်မှု မှတ်တမ်း Accident Record Form အားကူညီ၍ ရေးသား ဖြည့်စွက်ပေးရမည်။

Position Requirements

  • လုပ်ငန်းအတွေ့အကြုံ (၃) နှစ် နှင့်အထက်
  • အသက် ၂၅-၃၅နှစ်
  • ပညာအရည်အချင်းအထက်တန်းဆင့် (သို့) အလယ်တန်းအဆင့်အောင်မြင်ပြီးသူ
  • လူမှုဆက်ဆံရေးကောင်းမွန်သူ ဖြစ်ရမည်။

About the Company

(English)

IBK CAPITAL MYANMAR is brand-new Microfinance company.

* Microfinance means issuing micro-credit to the basic class people, receiving deposits from them, carrying out remittance, doing insurance business, borrowing money from local and abroad and carrying out other financial activities. [The Microfinance Business Law Chapter I. 2. (a)]

IBK CAPITAL MYANMAR is a 100% subsidiary company of IBK CAPITAL and IBK which is the abbreviation for Industrial Bank of Korea.

 

 (Myanmar)

IBK Capital Myanmar ဟာ အသေးစားငေခေးလုပ်ငန်းစု အသစ်ဖစ်ပတယ်။

* အသေးစားငေခေးလုပ်ငန်းဆိုသည်မာ အခေခံလူတန်းစားအား အသေးစားခေးငေထုတ်ပေးခင်း၊ ယင်းတိုထံမ အပ်ငေလက်ခံခင်း ၊ငေဲပောင်း၊ ပေးပို့ခြင်း၊ အာမခံလုပ်ငန်းလုပ်ကိုင်ခင်း၊ ပည်တင်းပည်ပမ ငေခေးယူခင်းနှင့် အခားငေရေးကေးရေး လုပ်ငန်းမားဆောင်ရက်ခင်းတိုကို ဆိုသည်။[The Microfinance Business Law Chapter I. 2. (a)]

IBK capital Myanmar ဟာ ကိုရီးယားအခေစိုက် ကိုရီးယား စက်မဘဏ် (Industrial Bank of Korea) ရဲ ၁၀၀% လက်အောက်ခံ ကုမ္ပဏီ ဖစ်တဲ့ IBK capital ရဲ မန်မာရုံးခဖစ်ပတယ်။

Work.com.mm is a free platform for Job seekers. If an Employer asks for any kind of payment, reimbursement, or personal financial information, please report this by clicking on the Report Abuse link.