Rohto-Mentholatum (Myanmar) Co., Ltd jobs in Myanmar

Rohto-Mentholatum (Myanmar) Co., Ltd

Ethical staff

  • Not provided
  • Full time
  • Medical
  • Mandalay
View job

About us

-       Rohto-Mentholatum Co., Ltd. ကို Japan နိုင်ငံ Osaka မြို့တွင် ၁၈၉၉ ခုနှစ်၊ ဖေဖေါ်ဝါရီလ၌ စတင် တည်ထောင်ခဲ့ပါသည်။ ဂျပန်နိုင်ငံတွင်နံပါတ်(၂)ဆေးနှင့်အလှကုန် ကုမ္ပဏီဖြစ်ပြီး ကမ္ဘာပေါ်တွင်နံပါတ်(၁) OTC မျက်စဉ်းဆေးနှင့် အခြားသောဆေးနှင့် ဆေးအလှကုန် ပစ္စည်းများထုတ်လုပ်ဖြန့်ဖြူးရောင်းချ လျှက်ရှိပါသည်။ကမ္ဘာပေါ်ရှိ နိုင်ငံပေါင်း (၁၅၀)ကျော်တွင် ဖြန့်ဖြူးရောင်းချလျှက်ရှိပါသည်။ မြန်မာနိုင်ငံတွင် ၁၉၉၆ ခုနှစ်မှစတင်၍ "V-Rohto" မျက်စဉ်းဆေးကို ဖြန့်ဖြူးရောင်းချခဲ့ပါသည်။ ၁၉၉၈ မှ စတင်ပြီး  “ACNES” ၊ “OXY” ၊ “Sunplay” ၊ “LipIce” ၊ “Happy Event” ၊ “Lip On Lip”  ၊ “Selsun” ၊ “Remos IB & IR” ၊ “Scar-Z” စသည့် Products များကို ယနေ့ထိတိုင် ဖြန့်ဖြူးရောင်းချလျက်ရှိပါသည်။

-       Rohto Beauty and Spa ကိုလည်း  ဖွင့်လှစ်ထားရှိကာ အောက်ပါ ၀န်ဆောင်မှုများဖြင့် အမျိုးသမီး(သီးသန့်) ဆောင်ရွက်ပေးနေပါသည်။ ရရှိနိုင်သော ဝန်ဆောင်မှု့များမှာ - Massage, Skin Care, Hair Treatment, Body Treatment, Waxing, Nail Art and Manicure or Pedicure များကို ဈေးနှုန်း ချိုသာစွာဖြင့် အကောင်းဆုံး ၀န်ဆောင်မှုပေးနေပါသည်။ အထူးသဖြင့် အသားအရေ တင်းရင်း နုပျိုစေရန် အာမခံဖြင့် ရေခဲပေါင်းတင် သန့်စင်ပေးနေပါသည်။

-       ယခုအခါ မြန်မာပြည်တွင်လည်း Rohto-Mentholatum(Myanmar)Co., Ltd. အမည်ဖြင်မင်္ဂလာဒုံ စက်မှုဇုန်တွင် စက်ရုံကို စတင် လည်ပတ်နေပြီ ဖြစ်ပါသည်။ ယခုကဲ့သို့စက်ရုံဖွင့်လှစ်ထားရှိခြင်းဖြင့် နောင်အနာဂတ်တွင် အရည်အသွေးကောင်းမွန်ပြီး ဈေးနှုန်းချိုသာစွာဖြင့် မိဘပြည်သူများထံသို့ ဖြန့်ဖြူးရောင်းချနိုင်မည် ဖြစ်ပါသည်။

Quick facts

Industry
Manufacturing
Employees
101-500
Website
www.rohto.com.mm

Address

Yangon
Myanmar
Work.com.mm is a free platform for Job seekers. If an Employer asks for any kind of payment, reimbursement, or personal financial information, please click here to report abuse.